မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံ အတွက် ရုပ်သေးအစိုးရ ဖြစ်လာ
ရုရှားနိုင်ငံ၊ ဗလာဒီဗိုစတော့မြို့မှာ ကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) ကိုတက်ရောက်ဖို့သွားတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒီကနေ့ ဇူလှိုင်ဆယ်ရက်နေ့မှာ ရုရှားသမ္မတ ပူတင်က လက်ခံတွေ့ဆုံ ခဲ့သည်။
အဲဒီတွေ့ဆုံမှုအတွင်းမှာပဲ "မြန်မာနိုင်ငံဟာ ရုရှားအတွက် ရေရှည်ပြီး ယုံကြည်သူ မိတ်ဖက်ပါ" လို့ ရုရှားသမ္မတ ပူတင်က ပြောဆိုခဲ့တယ်၊
ရုရှားကို ဆယ်ကြိမ်ထက်မနည်းသွားထားတဲ့ စစ်ခေါင်းဆောင်အတွက် သမ္မတပူတင်နဲ့ ပထမဆုံးတွေ့ဆုံမှု လည်ဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုမှာ မြန်မာ့အရေး ကမ္ဘာအရေးအပါအဝင် ဆက်ဆံရေး တွေ့ဆုံဆွေးနွေးကြတယ်လို့ မြန်မာဘက်က သတင်းများက ဖော်ပြထားပါတယ်။
သတင်းတွေမှာတော့ လျှပ်စစ်ဓာတ်အား နျူကလီးယားဓာတ်ပေါင်းဖိုတွေ တည်ဆောက်နိုင်ရေးအတွက် အစပျိုးသဘောတူညီချက်တစ်ခုကို ရုရှားနိုင်ငံပိုင် Rostam နျူကလီးယားဓာတ်အားကုမ္ပဏီနဲ့ မြန်မာစစ်ကောင်စီတို့ မနေ့ က သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။
မြန်မာစစ်ခေါင်းဆောင်ကတော့ ရုရှားနိုင်ငံက သမ္မတပူတင်ရဲ့ခေါင်းဆောင်မူကြောင့် ထိပ်တန်းနိုင်ငံဖြစ်လာတာလို့ ချီးကျူးပြောဆိုပါတယ်။
လက်ရှိမှာတော့ မြန်မာရောရုရှားပါနှစ်နိုင်ငံလုံးက ကမ္ဘာ့နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြား ရုန်းကန်နေရသော နိုင်ငံတွေလည်ဖြစ်ပါတယ်။ ပိတ်ဆို့ အရေးယူတွေက ရုရှား အတွက် ထိခိုက်မူ ကြီးကြီးမာမာ မဖြစ်နိုင်၊ မြန်မာနိုင်ငံ အတွက်တော့ အခြေနေပိုမို ဆိုးနိုင်ပါသည်။ နောက်လာမည့် နှစ်များမှာ မြန်မာနိုင်ငံ သည် တရုတ် နှင့် ရုရှား နိုင်ငံများရဲ ရုပ်သေး အစိုးရ ဖြစ်လာနိုင်ပါသည်။
အခုတော့ ဒီလိုအထီးကျန်မှုကြားက ရုရှားနဲ့မြန်မာ ပိုမိုနီးကပ်သွားပြီလို့ နိုင်ငံတကား အသိုင်းအဝိုင်းက ပြောဆိုသံတွေ ထွက်ပေါ့လာခြင်းနှင့် အတူ မြန်မာနိုင်ငံက အာရှနိုင်ငံများရဲ စိတ်သဘောထားကိုလည် ဆိုးဝါးလာစေနိုင်တယ်။
.png)
Comments
Post a Comment